Tuesday, July 26, 2011

ဒို့မြေ....ဒို့ကမ္ဘာ ဘယ်လိုထိန်းမလဲ

မရေးဖူးပဲ....အရေးထူး တာမဟုတ်ပါ

ရင်ထဲရှိတာကို အထူးရေးဖို့ပါပဲ

ကိုကို မမ တို့လျှောက်ဖူးတဲ့လမ်း

ခရေတို့လဲကြွေ... စိန်ပန်းတို့လဲဝေ

ငုဝါ တွေဘယ်မလဲကွယ်...

ကျောင်းလမ်းလေးလဲ သာယာခဲ့တယ်

အင်းလျား လဲအေးချမ်းခဲ့တယ်....

ဟိုတစ်ခါက တက္ကသိုလ်ဆီ

အိပ်မရတဲ့ညများ မရှည်လျားခဲ့ပါ

ညနက်သန်းခေါင် အဆောင်ရှေ့က ဂီတာသံတွေ

ရင်ထဲအေးချမ်း ပြီး အပေးအယူမျှတဲ့

သူငယ်ချင်းအားလုံး ပျော်ခဲ့ဖူးတယ်။

ကျောင်းသားကျောင်သူ တို့နှလုံးသား အမှားကင်းပေမဲ့

သွေးစွန်းခဲ့ရပါပြီ.....တစ်ရာသီ။



မဲနက်တဲ့ ကတ္တရာလမ်း

မှန်းဆ မရပဲ အရောင်တွေပြောင်း

ခေတ်ဟောင်းကိုတွန်းလှန်

တို့ အလံလှဲခဲ့ကြပြီ......

ကျောင်းသားတို့ရဲ့ နှလုံသားအလံ

ခိုင်ခိုင်မြဲမြဲ မယိုင်မလှဲ

ထောင်ထဲမှာတော့ သေနေဆဲပဲ.....

အာဇာနည် မဖြစ် သူရဲကောင်းတွေနစ်တဲ့

ဒီအလောင်းကောင်တွေကို

ဘုရားသခင် မြင်တော်မူပါ

ပြချင်စမ်းပါရဲ့ ဒို့တိုင်းပြည်

ဒို့လူမျိုး... ကိုယ်ချင်းသတ်တဲ့ ဌာနီ

အညာနွေ ပူတယ်ဆိုတာ

အလကားပါ....ကျောင်းသားတွေ ရင်ထဲ

ဝင်ကြည့်စမ်းပါ...နှလုံးသွေးတို့ တစ်စက်စက်ကျ

ရဲရဲနီပြီ...နေရာအနှံ့ မြို့အပြန့်

ပင်အို သစ်ပုတ် ကျတဲ့မျက်ရည်

မြင်သူမရှိ သူတို့မသိ

အရောင်ပြောင်းတဲ့ ကတ္တရာလမ်း

တိုင်းသိပြည်သိ မြင်သူတစ်ကာရှိလဲ

အလိမ်အညာတွေ နဲ့ ကျည်ဆံ စစ်ခင်း

မင်းသတင်း ကမ္ဘာကျော်ပြီနော်.....

ဟစ်တလာကိုအားကျ

ကိုယ့် လူမျိုးကို ဗုံးထောင်သတ်

မဟုတ်ကို အဟုတ်လုပ်

အဟုတ်ကိုပထုတ်

မဟုတ်ကို ရှင်းတဲ့သတင်းစာပွဲ

အမြဲပဲ ကျင်းပ၊ ခင်းချမရတဲ့သက်သေ

မျက်မြင်လဲ မရှိ...ဒါပေမဲ့ တိုင်းသိပြည်သိ

အရှိကိုသိပေမဲ့ အသိကိုခင်းပြရင်

ကိုယ့်အထုတ် ကိုယ်ဖြေ

ကိုယ့်အရှက် ကိုယ်သိမ်း

မထိန်းနိုင်တဲ့ပြည်

ဒို့မြေ....ဒို့ကမ္ဘာ.

ကြွယ်ဝမှုတွေ အကုန်

တိုးတက်သမျှ အားလုံး

ပြည်သူ မသုံးရပါ

မင်းအတွက်ပါပဲ တစ်ကတဲ ပြော ပြောချင်ပေါင်

ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့

ဝင်ကာချလို့ တောင်းပန်ပါရစေတော့။ ။



jasmine(ကိုယ်တိုင်ရေး)

26 comments:

  1. သွေးတွေဆူသွားတယ်ဗျို့...။
    အသံကောင်းတွေဟစ်ပြီး လုပ်ဆောင်မှုတွေယုတ်နေကြတာ
    ကြားရ နားဝမချမ်းသာပါလားနော်..

    ReplyDelete
  2. ဒါ ဂျက်ရဲ့ ကိုယ်ခွဲလား ၊ ဂျက်ရဲ့ မောင်ကြီးလား?

    ReplyDelete
  3. ဟေးးဟေးး ဘိုဖြူဆိုလို့ ဘူလဲမှတ်တယ် တို့မကိုးး
    တော်တော်မျက်စိလည်အောင်လုပ်တယ်တော်း)

    ReplyDelete
  4. နှစ်ယောက်တစ်အိပ်မက်လား ဟင်... :P သားသား မျက်စိလည်တွားဘီ.......

    ReplyDelete
  5. ဟလူပါလိမ့်လို့ ခုတော့ ကျမသိပြီ....

    ReplyDelete
  6. ဟားးဟာားး ယူကတော့နော် ပြောလိုက်တာမှ မိုက်တယ်
    ကျွန်တော်လည်း မမ လိုပဲခံစားမိပါတယ် ဗျာ..............

    ReplyDelete
  7. ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့ ... ဆိုပေမယ့်လည်း သိတတ်တဲ့အတွက် ပြောနေရတာပါပဲနော် ...

    ReplyDelete
  8. ချစ်မနော်....နောက်ရဝူးလေ.... ဘူများလဲလို့....:):)
    အာာာဘွား....မမ။
    နှစ်ယောက် တစ်အိမ်မက်တဲ့...
    လှချက်... သူများတွေ မက်ခွင့်ရတာလေး မြင်ရတာလဲ ကြည်နူးစရာ..။

    ReplyDelete
  9. အမ် ကြောင်သွားတာပဲ ဘိုဖြူနဲ့ မမဂျက်နဲ့ ဘာတော်လဲ ဟင်..
    တို့မမနာမည် အလွဲသုံးစား လုပ်မှုနဲ့ အရေးယူလိုက်ရမှာလား..
    နောက်တယ် ဟွန့်း)

    ReplyDelete
  10. ဘိုဖြူ(ခ)ဂျက်ရေ

    မမကျားကျားလာပြီး ခံစားသွားပါတယ်။ မမရဲ.ဘလောဂ်ကိုလာအားပေးတဲ.အတွက်မမကျား မငိုတော.ဘူးနော်(ဟိဟိ)

    ReplyDelete
  11. မျက်စိလည်အောင်လုပ်နေတာလား တိန်
း)း) ကဗျာ အဓိပ္ပာယ်ရှိတယ် ကြိုက်တယ်

    ReplyDelete
  12. ဘိုဖြူဆိုတာ ဘူလဲလို့... အမတော်ဂျက်ကိုးးးးးးးး ဟီးးးးး။။။

    ReplyDelete
  13. မှန်လိုက်တဲ့ကဗျာ... ဒီကဗျာအတွက်လေးစားဂုဏ်ယူပါတယ် ^_^

    ReplyDelete
  14. နှစ်သစ်မှာအပူတွေငြိမ်းချမ်းပါစေရှင်

    ReplyDelete
  15. ကျွန်တော်လဲ မတောက်တစ်ခေါက်နဲ့ ကဗျာတစ်ပုဒ် ရေးထားတာရှိတယ်...
    သေသေချာချာ ပြန်လည်စီစစ် (အဲဒီအခန်းဖြတ်) ပြီးရင် တင်လိုက်မယ်...လာရောက်အားပေးနော် :D

    ReplyDelete
  16. မြတ်ဆီ စာလာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။
    (အထက်က ကော်မန့်တွေအရ အစ်မဂျက် လို့ သိလိုက်ရပါတယ်)

    ကဗျာလေးကိုလည်း ဖတ်သွားပါတယ်။ ဒီလို အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ကဗျာလေးတွေ၊ စာလေးတွေကို ဖတ်မိတိုင်း အရမ်းကို ထိရှ ကြေကွဲရပါတယ်။

    ReplyDelete
  17. ချစ်မကတော့လေ.... အာာဘွား...:):)
    ခံစားအားပေးလျှက်ပါမမရေ...

    ReplyDelete
  18. ညီဆိုတော့ အစ်ကိုလို့ပဲခေါ်တော့မယ်ဗျာ ကဗျာကောင်းလေးအားပေးခဲ့ပါတယ်အစ်ကို
    လေးစားခင်မင်လျှက် (လွမ်း)

    ReplyDelete
  19. လာလည်ပါတယ်ခင်ဗျာ...
    ကျွန်တော်က ဒီလိုကဗျာမျိုးတွေကိုချစ်တယ်ဗျ
    ဖတ်နေ၇င်းကြက်သီးတောင်ထမိပါတယ်
    ကြိုက်လို့ ပါ

    ReplyDelete
  20. ကျနော် ( ပြည်ကောင်းအောင် )လာလည်သွားပါသည် ဘိုဖြူ ( ခ ) မစံပယ်..း))
    မြန်မာလိုနာမည်နဲ့ url ပေါင်းထားတဲ့ဟာနဲ့ ဒီမှာ ကော့မန့် မပေးတတ်ဘူး ဖြစ်နေတယ်။

    ReplyDelete
  21. ကိုကိုဂျက်လား... မမဖြူလား...

ွှဲအဲ...ရှုပ်ကုန်ပြီ ။ဘာလိုပဲဖြစ်ဖြစ် အလည်လာပေးတဲ့ အတွက်ကျေးဇူးပါလို့ 

    နောက်လည်းအလည်လာဦးမယ်နော်...

    ထော်ဦး

    ReplyDelete
  22. အကြောင်းအရာတွေအစုံအလင်ပါဝင်အောင်ကဗျာရေးထားတာ အရမ်းကောင်းတယ်..မိန်း နဲ့ သစ်ပုပ်ပင်ကို မျက်လုံးထဲ မြင်ယောင်လာတယ်..သံကြိုးခတ်ထားတဲ့ မိန်းထဲက အဆောင်တွေ မြင်တိုင်း ကြက်သီးထမိတယ်.. ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့အငွေ့အသက် ခုချိန်ထိ ရှိနေတုန်းပဲ..
    ချစ်တဲ့
    အိမ်မက်

    ReplyDelete
  23. ဖတ်ရှုသွားတယ်အစ်ကိုရေ...

    ReplyDelete
  24. ကောင်းပါတယ် ခံစားသွားရပြီ

    ReplyDelete