Tuesday, July 26, 2011

သံယောဇဉ်တဲ့

ဒို့မြေ....ဒို့ကမ္ဘာ ဘယ်လိုထိန်းမလဲ

မရေးဖူးပဲ....အရေးထူး တာမဟုတ်ပါ

ရင်ထဲရှိတာကို အထူးရေးဖို့ပါပဲ

ကိုကို မမ တို့လျှောက်ဖူးတဲ့လမ်း

ခရေတို့လဲကြွေ... စိန်ပန်းတို့လဲဝေ

ငုဝါ တွေဘယ်မလဲကွယ်...

ကျောင်းလမ်းလေးလဲ သာယာခဲ့တယ်

အင်းလျား လဲအေးချမ်းခဲ့တယ်....

ဟိုတစ်ခါက တက္ကသိုလ်ဆီ

အိပ်မရတဲ့ညများ မရှည်လျားခဲ့ပါ

ညနက်သန်းခေါင် အဆောင်ရှေ့က ဂီတာသံတွေ

ရင်ထဲအေးချမ်း ပြီး အပေးအယူမျှတဲ့

သူငယ်ချင်းအားလုံး ပျော်ခဲ့ဖူးတယ်။

ကျောင်းသားကျောင်သူ တို့နှလုံးသား အမှားကင်းပေမဲ့

သွေးစွန်းခဲ့ရပါပြီ.....တစ်ရာသီ။



မဲနက်တဲ့ ကတ္တရာလမ်း

မှန်းဆ မရပဲ အရောင်တွေပြောင်း

ခေတ်ဟောင်းကိုတွန်းလှန်

တို့ အလံလှဲခဲ့ကြပြီ......

ကျောင်းသားတို့ရဲ့ နှလုံသားအလံ

ခိုင်ခိုင်မြဲမြဲ မယိုင်မလှဲ

ထောင်ထဲမှာတော့ သေနေဆဲပဲ.....

အာဇာနည် မဖြစ် သူရဲကောင်းတွေနစ်တဲ့

ဒီအလောင်းကောင်တွေကို

ဘုရားသခင် မြင်တော်မူပါ

ပြချင်စမ်းပါရဲ့ ဒို့တိုင်းပြည်

ဒို့လူမျိုး... ကိုယ်ချင်းသတ်တဲ့ ဌာနီ

အညာနွေ ပူတယ်ဆိုတာ

အလကားပါ....ကျောင်းသားတွေ ရင်ထဲ

ဝင်ကြည့်စမ်းပါ...နှလုံးသွေးတို့ တစ်စက်စက်ကျ

ရဲရဲနီပြီ...နေရာအနှံ့ မြို့အပြန့်

ပင်အို သစ်ပုတ် ကျတဲ့မျက်ရည်

မြင်သူမရှိ သူတို့မသိ

အရောင်ပြောင်းတဲ့ ကတ္တရာလမ်း

တိုင်းသိပြည်သိ မြင်သူတစ်ကာရှိလဲ

အလိမ်အညာတွေ နဲ့ ကျည်ဆံ စစ်ခင်း

မင်းသတင်း ကမ္ဘာကျော်ပြီနော်.....

ဟစ်တလာကိုအားကျ

ကိုယ့် လူမျိုးကို ဗုံးထောင်သတ်

မဟုတ်ကို အဟုတ်လုပ်

အဟုတ်ကိုပထုတ်

မဟုတ်ကို ရှင်းတဲ့သတင်းစာပွဲ

အမြဲပဲ ကျင်းပ၊ ခင်းချမရတဲ့သက်သေ

မျက်မြင်လဲ မရှိ...ဒါပေမဲ့ တိုင်းသိပြည်သိ

အရှိကိုသိပေမဲ့ အသိကိုခင်းပြရင်

ကိုယ့်အထုတ် ကိုယ်ဖြေ

ကိုယ့်အရှက် ကိုယ်သိမ်း

မထိန်းနိုင်တဲ့ပြည်

ဒို့မြေ....ဒို့ကမ္ဘာ.

ကြွယ်ဝမှုတွေ အကုန်

တိုးတက်သမျှ အားလုံး

ပြည်သူ မသုံးရပါ

မင်းအတွက်ပါပဲ တစ်ကတဲ ပြော ပြောချင်ပေါင်

ပြောပြန်ရင် အောင်မင်းလွန်ရာကျသမို့

ဝင်ကာချလို့ တောင်းပန်ပါရစေတော့။ ။



jasmine(ကိုယ်တိုင်ရေး)